တွေ့ရှိချက်အကျဉ်းချုပ်
စစ်ရှောင်စခန်းအများစုတွင် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမမီမှုမှာ အဓိကပြဿနာဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ အခြေခံကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဝါး၊ အစားအသောက် အပါအဝင် လူသားချင်း စာနာထောက်ထားမှုအကူအညီများကို ပိတ်ပင်ခံရခြင်း၊ လမ်းခရီးဝေးကွာခြင်း၊ ဘေးကင်း လုံခြုံစိတ်ချမှု မရှိခြင်း၊ ငွေကြေးခက်ခဲမှု နှင့် ကျန်းမာရေးအသိပညာနည်းပါးခြင်း စသည်တို့ကြောင့်ဖြစ်သည်။
စစ်ရှောင်စခန်းများတွင် ဆေးပေးခန်းများ သို့မဟုတ် ရွေ့လျားဆေးခန်းများကို ဖွင့်လှစ်ပြီး သက်ကြီးရွယ်အိုများ အတွက်ကျန်းမာရေးစောင့်ရှောက်မှု ပေးသင့်ကြောင်း၊ လမ်းခရီးတွင် တားဆီးပိတ်ပင်မှုများ လျော့ချပြီး စစ်ရှောင်သက်ကြီးရွယ်အိုများအတွက် န.စ.က မှ ဥပဒေနှင့်မူဝါဒချမှတ်သင့်ကြောင်း အကြံပြု ထားသည်။
အစိုးရမဟုတ်သောအဖွဲ့အစည်းများမှလည်း ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပံ့ပိုးခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်းအကြံပြုထားသည်။
စစ်ရှောင်စခန်းခေါင်းဆောင်မှ အလှူရှင်များ၊ဒေသခံတာဝန်ရှိသူများနှင့် နှင့်ချိတ်ဆက်ဆောင်ရွက်ခြင်း၊ လူငယ် စေတနာ့ဝန်ထမ်းများ၏ အကူအညီရရှိရန် ဆောင်ရွက်သင့်ကြောင်းအကြံပြုထားပါသည်။