အနှစ်ချုပ်
မြန်မာနိုင်ငံ၏သမာရိုးကျတရားစီရင်ရေးစနစ်သည် ကျူးလွန်ခံခဲ့ရသူများအပေါ် စစ်မှန်သော တရားမျှတမှု နှင့် လုံလောက်သောကုစားမှု မရနိုင်သည့်အခါ ပြန်လည်ထူထောင်ရေး တရားမျှတမှုသည် တရားမျှတမှု လက်လှမ်းမီရေး ကိုမြှင့်တင်ဆောင်ရွက်ရာတွင် လူမှုသဟဇာတဖြစ်မှုနှင့် ကုစားမှုတို့ကို မြှင့်တင်ရန်အတွက် ရာဇဝတ်မှုကျူးလွန်သူများ၏ တာဝန်ခံမှု၊ ပြန်လည်ပေးဆပ်မှုနှင့် ပြန်လည်သင့်မြတ်ရေးတို့ကို အဓိကထားသည့် အခြားရွေးချယ်စရာနည်းလမ်းတစ်ခု ဖြစ်သည်။ ရာဇဝတ်မှု ကျူးလွန်ခံရသူနှင့် ကျူးလွန်သူများကြား အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် နှစ်ဖက်စလုံးကို အကျိုးပြုပြီး စာနာနားလည်မှုနှင့် အပြန်အလှန် စာနာ နားလည်မှုကို မြှင့်တင်ပေးသည်။ ပြန်လည်ထူထောင်ရေးဆိုင်ရာ တရားမျှတမှုသည် အလွတ်သဘောဆိုင်ရာ တရားစီရင် ရေး စနစ်ဖြင့်ဖြေရှင်းခြင်း နှင့် သမာရိုးကျတရားစီရင်ရေးစနစ် များအကြား ကွာဟချက်ကို ပေါင်းကူးပေးနိုင်ရန်အတွက် ပြန်လည်ထူထောင်ရေး၊ အခြေခံရပိုင်ခွင့် နှင့် လွတ်လပ်ခွင့်များကို သေချာအကာအကွယ်ပေးခြင်းအပြင် နိုင်ငံတော် နှင့် ပြည်သူအကြား ယုံကြည်မှု၊ ဆက်ဆံရေးကို လေးလေးနက်နက် ပြုပြင်ပြောင်းလဲခြင်း စသည့် လုပ်ငန်းစဉ်များကို ပူးတွဲလုပ်ဆောင်ပေးရန်လိုအပ်သည်။ ပြန်လည်ထူထောင်ရေး ဆိုင်ရာ တရားမျှတမှု ကို အားကောင်းလာအောင်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများသည် တရားမျှတမှု အပေါ်ယုံကြည်ချက် ရှိလာခြင်း၊ ပြစ်ဒဏ်ပေးခြင်းထက် ကုစားမှုနှင့်ပြုပြင် ထိန်းကျောင်းရေးကို ဦးတည်ထားသောကြောင့် ရာဇဝတ်မှု များလျော့ကျ လာနိုင်ခြင်း၊ကောင်းမွန်လုံခြုံသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာခြင်း၊ ထိခိုက်နစ်နာသူအခြေပြု စနစ်ပါဝင်ခြင်း ကြောင့် အမှန်တကယ်နစ်နာမှု များ ကို ကုစား ပေးခြင်းနှင့်ကျူးလွန်သူကို နောင်တရစေခြင်း၊ တာဝန်ယူမှု များပါဝင်ခြင်းကြောင့် နှစ်ဖက်စလုံး တွင် အပြန် အလှန်ရေရှည် ကောင်းမွန်သော စနစ်ကို တည်ဆောက်နိုင်ခြင်း၊ ထိခိုက်နစ်နာသူ၏အသံများ ပါဝင်သောကြောင့် စိတ်ဝေဒနာ လျော့ချစေခြင်း၊ တရားမျှတမှုကို တောင်းဆို ရာတွင် လွယ်ကူစေခြင်း၊ လူမှု့အကျိုးပြုလုပ်ငန်းများတွက် အထောက်အကူ ဖြစ်စေခြင်းကြောင့် စိတ်ကောင်းများ ဖြစ်ပေါ် လာကာ နောင်တကြီးစွာရပြီး ရာဇဝတ်မှုများကို နောင်တွင်ထပ်မံမကျူးလွန်နိုင်စေရန် အဟန့်အတား ဖြစ်စေ သည်။မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ထူထောင်ရေးဆိုင်ရာတရားမျှတမှုကို အခြေခံသောနည်းလမ်းများဖြင့် တရားမျှတမှုကိုဖော်ဆောင်ခြင်းသည် လူ့အဖွဲ့စည်းအတွင်းပဋိပက္ခနှင့်အငြင်းပွားမှုများကိုလျော့ချလာနိုင်ပြီး တရားမျှတမှုလက်လှမ်းမီရေး ပိုမိုအားကောင်း လာနိုင်ကြောင်း ယခုစာတမ်း၏ လေ့လာချက်များတွင်တွေ့ရှိရသည်။